SplitEase အဖွဲ့ထဲသို့ လူများကို ဘယ်လိုဖိတ်ရမလဲ။
အဖွဲ့တိုင်းတွင် ဖိတ်ခေါ်ကုဒ်တစ်ခု ရှိသည်။ ကုဒ်၊ လင့်ခ် သို့မဟုတ် QR ကုဒ် ရှိသူမည်သူမဆို SplitEase အက်ပ်မှ အဖွဲ့ထဲ ဝင်နိုင်သည်။
အဆင့်များ
- အဖွဲ့ကိုဖွင့်ပြီး အဖွဲ့ ဆက်တင်များ (Group settings) ကိုဖွင့်ရန် အပေါ်ရှိ အဖွဲ့အမည် သို့မဟုတ် ⋯ ခလုတ်ကို နှိပ်ပါ။
- ဖိတ်ခေါ်ကုဒ် (Invite code) ကတ်ကို ရှာပါ။
- ဖိတ်ခေါ်လင့်ခ်ကို ကူးရန် လင့်ခ် ကူးရန် (Copy link) ကို နှိပ်ပါ၊ သို့မဟုတ် QR ကုဒ်ပြပြီး ဖုန်းထဲရှိ မည်သည့်အက်ပ်မှမဆို ဖိတ်ခေါ်စာ ပို့ရန် မျှဝေရန် (Share) ကို နှိပ်ပါ။
SplitEase သုံးနေပြီးသား သူငယ်ချင်းများကို တိုက်ရိုက်ထည့်ရန် အဖွဲ့အက်ဒမင်များသည် အဖွဲ့ဝင်များ ထည့်ရန် (Add members) ကိုလည်း နှိပ်နိုင်သည်။
ဖိတ်ခေါ်ကုဒ်များ သက်တမ်းကုန်နိုင်သည်။ ကုဒ်တစ်ခု အလုပ်မလုပ်တော့လျှင် ထိုဖန်သားပြင်မှပင် အသစ်တစ်ခု မျှဝေပါ။
SplitEase အက်ပ်ကို မြန်မာဘာသာဖြင့် မရနိုင်သေးပါ။ ကွင်းအတွင်းရှိ ခလုတ်အမည်များသည် ဖန်သားပြင်ပေါ်တွင် အင်္ဂလိပ်လို မြင်ရမည့် အမည်များ ဖြစ်သည်။