SplitEase က ငွေပေးချေမှု အရေအတွက်ကို ဘယ်လိုလျှော့ချသလဲ။
လှုပ်ရှားမှုများသော အဖွဲ့တွင် လူများ အချင်းချင်း ပတ်ချာလည် အကြွေးတင်နေနိုင်သည်။ လက်ကျန်အားလုံးကို ရှင်းပေးမည့် အနည်းဆုံး ငွေပေးချေမှုများကို SplitEase က တွက်ပေးနိုင်သည်။
အဆင့်များ
- အဖွဲ့ကိုဖွင့်ပြီး စာရင်းရှင်းရန် (Settle up) ကို နှိပ်ပါ။
- တစ်ဦးချင်း (Per person) မှ အကောင်းဆုံးပြုထားသည် (Optimized) သို့ ပြောင်းပါ။
- စာရင်းပါ ငွေပေးချေမှုများကို ပြုလုပ်ပြီး တစ်ခုချင်းကို မှတ်တမ်းတင်ပါ။
တစ်ဦးချင်း (Per person) မြင်ကွင်းသည် တစ်ဦးချင်းစီကို တိုက်ရိုက်ပေးရမည့်ငွေကို ပြသည်။ မြင်ကွင်းနှစ်ခုစလုံး စုစုပေါင်းပမာဏ အတူတူကို ရှင်းပေးသည်။
SplitEase အက်ပ်ကို မြန်မာဘာသာဖြင့် မရနိုင်သေးပါ။ ကွင်းအတွင်းရှိ ခလုတ်အမည်များသည် ဖန်သားပြင်ပေါ်တွင် အင်္ဂလိပ်လို မြင်ရမည့် အမည်များ ဖြစ်သည်။