တစ်စုံတစ်ယောက်နှင့် စာရင်း ဘယ်လိုရှင်းရမလဲ။
SplitEase သည် ဘယ်သူ ဘယ်သူ့ကို ဘယ်လောက်အကြွေးတင်သည်ကို မှတ်ထားပေးသော်လည်း ငွေပေးချေမှုများကို မကိုင်တွယ်ပါ။ ပုံမှန်ပေးသည့်နည်းအတိုင်း တစ်ဖက်လူကို ငွေပေးပြီး နှစ်ဦးစလုံး၏ လက်ကျန် အပ်ဒိတ်ဖြစ်ရန် အက်ပ်တွင် မှတ်တမ်းတင်ပါ။
အဆင့်များ
- အဖွဲ့ကိုဖွင့်ပြီး စာရင်းရှင်းရန် (Settle up) ကို နှိပ်ပါ။
- တစ်စုံတစ်ယောက်ကို ငွေပေးခဲ့လျှင် ၎င်း၏အမည်ဘေးရှိ ငွေပေးချေမှု မှတ်တမ်းတင်ရန် (Record payment) ကိုနှိပ်၊ ပမာဏကို စစ်ဆေးပြီး အတည်ပြုပါ။ ပေးရမည့်ငွေ၏ တစ်စိတ်တစ်ပိုင်းကိုလည်း မှတ်တမ်းတင်နိုင်သည်။
- တစ်စုံတစ်ယောက်က သင့်ကို ငွေပေးခဲ့လျှင် ၎င်း၏အမည်ဘေးရှိ ရရှိပြီးဟု မှတ်ရန် (Mark as received) ကိုနှိပ်ပြီး အတည်ပြုပါ။
ယခင် ငွေပေးချေမှုများကို ကြည့်ရန် ထိုဖန်သားပြင်ပေါ်ရှိ မှတ်တမ်း (History) ကို နှိပ်ပါ။
SplitEase အက်ပ်ကို မြန်မာဘာသာဖြင့် မရနိုင်သေးပါ။ ကွင်းအတွင်းရှိ ခလုတ်အမည်များသည် ဖန်သားပြင်ပေါ်တွင် အင်္ဂလိပ်လို မြင်ရမည့် အမည်များ ဖြစ်သည်။