အဖွဲ့တစ်ခုတွင် ငွေကြေးတစ်မျိုးထက်ပို၍ သုံးနိုင်ပါသလား။

ဟုတ်ကဲ့။ အဖွဲ့တိုင်းတွင် မူလငွေကြေးတစ်ခု ရှိပြီး အသုံးစရိတ်တစ်ခုချင်းစီက အခြားငွေကြေး သုံးနိုင်သည်။ နိုင်ငံခြားခရီးစဉ်များတွင် အသုံးဝင်သည်။

အဆင့်များ

  1. အသုံးစရိတ် ထည့်သည့်အခါ သို့မဟုတ် ပြင်သည့်အခါ ပမာဏဘေးရှိ ငွေကြေးသင်္ကေတကို နှိပ်ပြီး ငွေကြေးတစ်ခု ရွေးပါ။
  2. အဖွဲ့၏ မူလငွေကြေးကို ပြောင်းရန် အဖွဲ့ ဆက်တင်များ (Group settings) ကိုဖွင့်ပြီး မူလ ငွေကြေး (Default currency) ကို နှိပ်ပါ။ အဖွဲ့အက်ဒမင်များသာ ပြောင်းနိုင်သည်။

SplitEase သည် ငွေကြေးများကြား လဲလှယ်တွက်ချက်ခြင်း မပြုပါ။ လက်ကျန်များနှင့် စာရင်းရှင်းရမည့် ပမာဏများကို ငွေကြေးတစ်ခုချင်းအလိုက် သီးခြားပြသည်။

အဖွဲ့သစ်များ၏ ငွေကြေးကို ပရိုဖိုင် (Profile) → ငွေကြေး (Currency) မှ ယူသည်။

SplitEase အက်ပ်ကို မြန်မာဘာသာဖြင့် မရနိုင်သေးပါ။ ကွင်းအတွင်းရှိ ခလုတ်အမည်များသည် ဖန်သားပြင်ပေါ်တွင် အင်္ဂလိပ်လို မြင်ရမည့် အမည်များ ဖြစ်သည်။

ဆက်စပ်မေးခွန်းများ

အကူအညီ ထပ်လိုသေးပါသလား။

ကျွန်ုပ်တို့ထံ စာရေးပါ၊ SplitEase အဖွဲ့မှ လူတစ်ဦးက ပြန်လည်ဖြေကြားပါမည်။

ပံ့ပိုးရေးကို ဆက်သွယ်ရန်
ဘာသာစကား: မြန်မာ