SplitEase+

အဖွဲ့၏ အသုံးစရိတ်များကို ဘယ်လိုထုတ်ယူရမလဲ။

မှတ်တမ်းထားရန် သို့မဟုတ် မျှဝေရန် အဖွဲ့၏ အသုံးစရိတ်များကို SplitEase မှ ဖိုင်အဖြစ် ထုတ်ယူနိုင်သည်။ ၎င်းသည် SplitEase+ ၏ အစိတ်အပိုင်းဖြစ်သည်။

အဆင့်များ

  1. အဖွဲ့ကိုဖွင့်ပြီး အဖွဲ့ ဆက်တင်များ (Group settings) ကို ဖွင့်ပါ။
  2. စာရင်းဇယား ထုတ်ယူရန် (Export ledger) ကို နှိပ်ပါ။
  3. PDF၊ CSV သို့မဟုတ် Excel ကို ရွေးပါ။ စာရင်းရှင်းမှုများ ထည့်သွင်းရန် (Include settlements) ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။
  4. ထုတ်ယူရန် (Export) ကိုနှိပ်၊ ဖိုင်အဆင်သင့်ဖြစ်သည်အထိ စောင့်ပြီး သိမ်းပါ သို့မဟုတ် မျှဝေပါ။

ဖိုင်ကို တစ်ကြိမ်သာ ဒေါင်းလုဒ်လုပ်နိုင်သည်။ ဖန်သားပြင်ကို မပိတ်မီ သိမ်းပါ သို့မဟုတ် ပို့ပါ။

SplitEase အက်ပ်ကို မြန်မာဘာသာဖြင့် မရနိုင်သေးပါ။ ကွင်းအတွင်းရှိ ခလုတ်အမည်များသည် ဖန်သားပြင်ပေါ်တွင် အင်္ဂလိပ်လို မြင်ရမည့် အမည်များ ဖြစ်သည်။

ဆက်စပ်မေးခွန်းများ

အကူအညီ ထပ်လိုသေးပါသလား။

ကျွန်ုပ်တို့ထံ စာရေးပါ၊ SplitEase အဖွဲ့မှ လူတစ်ဦးက ပြန်လည်ဖြေကြားပါမည်။

ပံ့ပိုးရေးကို ဆက်သွယ်ရန်
ဘာသာစကား: မြန်မာ