SplitEase အတည်ပြုကုဒ် မရပါ
SplitEase သည် သင့်ဖုန်းနံပါတ်သို့ SMS ဖြင့် ပို့သော ဂဏန်း 6 လုံးကုဒ်ဖြင့် သင့်ကို ဝင်ရောက်စေသည်။
အဆင့်များ
- ဖန်သားပြင်ပေါ်ရှိ နံပါတ် မှန်မမှန် စစ်ဆေးပါ။ မမှန်လျှင် ပြောင်းရန် (Change) ကိုနှိပ်ပြီး ပြန်ထည့်ပါ။
- တစ်မိနစ်လောက် စောင့်ပါ။ ကွန်ရက်ကြောင့် မက်ဆေ့ချ်များ နောက်ကျနိုင်သည်။
- မရဘူးလား။ (Didn't get it?) ကို နှိပ်ပါ။ 60 စက္ကန့်ပြီးနောက် ယခု ပြန်ပို့ရန် (Resend now) ကို သုံးနိုင်မည်။ ကုဒ်အသစ်ရရန် ၎င်းကို နှိပ်ပါ။
- ဖုန်းတွင် လိုင်းရှိကြောင်းနှင့် မသိသော ပို့သူများ၏ မက်ဆေ့ချ်များကို ပိတ်မထားကြောင်း သေချာပါစေ။
အကြိမ်များစွာ ကြိုးစားပြီးနောက် ထပ်မကြိုးစားမီ မိနစ်အနည်းငယ် စောင့်ရန် တောင်းဆိုပါမည်။
ကုဒ် မရသေးဘူးလား။ သုံးခဲ့သော ဖုန်းနံပါတ်နှင့်အတူ ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။
SplitEase အက်ပ်ကို မြန်မာဘာသာဖြင့် မရနိုင်သေးပါ။ ကွင်းအတွင်းရှိ ခလုတ်အမည်များသည် ဖန်သားပြင်ပေါ်တွင် အင်္ဂလိပ်လို မြင်ရမည့် အမည်များ ဖြစ်သည်။