အသုံးစရိတ်ကို ဘယ်လိုပြင်ရမလဲ သို့မဟုတ် ဖျက်ရမလဲ။

သိမ်းပြီးနောက်တွင်လည်း အသုံးစရိတ်ကို ပြင်နိုင်သည်။ အပ်ဒိတ်လုပ်ထားသော လက်ကျန်များကို အဖွဲ့ရှိ လူတိုင်း မြင်ရမည်။

အဆင့်များ

  1. အဖွဲ့ကိုဖွင့်ပြီး အသုံးစရိတ်ကို နှိပ်ပါ။
  2. ပြောင်းရန် ပြင်ရန် (Edit) ကိုနှိပ်၊ ပြင်ဆင်ပြီး သိမ်းရန် (Save) ကို နှိပ်ပါ။
  3. ဖယ်ရှားရန် ⋯ ခလုတ်ကိုနှိပ်၊ ထို့နောက် ဖျက်ရန် (Delete) ကိုနှိပ်ပြီး အတည်ပြုပါ။

ဖျက်ပြီးသော အသုံးစရိတ်ကို ပြန်ယူ၍ မရပါ။

SplitEase အက်ပ်ကို မြန်မာဘာသာဖြင့် မရနိုင်သေးပါ။ ကွင်းအတွင်းရှိ ခလုတ်အမည်များသည် ဖန်သားပြင်ပေါ်တွင် အင်္ဂလိပ်လို မြင်ရမည့် အမည်များ ဖြစ်သည်။

ဆက်စပ်မေးခွန်းများ

အကူအညီ ထပ်လိုသေးပါသလား။

ကျွန်ုပ်တို့ထံ စာရေးပါ၊ SplitEase အဖွဲ့မှ လူတစ်ဦးက ပြန်လည်ဖြေကြားပါမည်။

ပံ့ပိုးရေးကို ဆက်သွယ်ရန်
ဘာသာစကား: မြန်မာ